ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင်ကြားရေး ဆရာ၊ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆို

မောင်တော   ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင် ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေးအရည်အချင်းစစ် စာမေးပွဲကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် (၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့်သူများအား အခြေခံပညာ ကျောင်းများတွင်လစ်လပ် လျှက်ရှိသည့် သင်ကြားရေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲတွင် ဘာသာရပ်များအနေဖြင့် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊အထွေထွေဗဟုသုတ များအား ဖြေဆိုလျက်ရှိရာ မောင်တော ခရိုင် မှ ဖြေဆိုမည့်  အထက်တန်းပြရာထူး အားဖြေဆိုရန်အတွက် လျှောက် ထားသူ ၇ ဦး၊ အ လယ်တန်းပြရာထူးအား ဖြေဆိုရန် အတွက် လျှောက်ထားသူ  ၁၂ ဦး၊ မူလတန်း ပြရာ ထူးအား ဖြေ ဆို ရန် အတွက် လျှောက်ထားသူ  ၃၄၆ ဦး၊ စုစုပေါင်း ၃၆၅ ဦး ရှိပြီး  အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုသူ  ၃၂၆  ဦးရှိရာ မဖြေဆိုသူ ပျက်ကွက် (၃၉)ဦး ရှိကြောင်း   မြို့နယ်ပညာရေးရုံးမှ သိရသည်။

ထို့အပြင်  အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသည့် (ထက်၊လယ်၊မူပြ) သင် ကြားရေး ဆရာ၊ ဆရာမ များ ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲဖြေဆိုသူများအား  ယနေ့ မွန်းလွှဲ ၁ နာရီအချိန်တွင် နှုတ်ဖြေ စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပြီး ဖြေဆိုလာသူများသည် နိုင်ငံသားစီစစ်ရေးကဒ်မူရင်း ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ်မူရင်း ၊  အမြင့်ဆုံး ပညာအရည်အချင်းဘွဲ့လက်မှတ် မူရင်းများအား တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။ 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)