ပြင်ဦးလွင်မြို့တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆက်လက်ဆောင်ရွက်  

ပြင်ဦးလွင် ဖေဖော်ဝါရီ    ၁၃     


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊  ပြင်ဦးလွင်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်  ၉း၃၀  နာရီက  ပြင်ဉီးလွင်မြို့၊   ရပ်ကွက်ကြီး ( ၁၀ )ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌  ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြင်ဉီးလွင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးမှ   နိုင်ငံသားတစ်ဉီး၏ တရားဝင်မှု၊ မှုလအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည့်စုံမှု ရှိစေရေးအတွက်သတ်မှတ်ချက်နှင့် ကိုက်ညီသူ  အသက် ( ၁၆ ) နှစ်နှင့် (၁၈ ) နှစ်အကြား၊ အသက် ( ၁၈ )နှစ် အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမှ ကိုင်ဆောင်ခဲ့ဘူးခြင်း မရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း  မရှိသူများကို မိမိဝန်ကြီးဌာန၏ ဥပဒေ၊  နည်းဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီပန်းခင်းစီမံချက်ဖြင့် (၃- ၅- ၂၀၂၁) ရက်နေ့မှ   ( ၃ - ၁၁ -၂၀၂၂ )   ရက်နေ့အထိ  စီမံချက်ကာလ သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး  ပြင်ဉီးလွင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများက ကျန်းမာရေးညွှန်ကြားချက်များ နှင့်အညီ  ပြုလုပ်ပေးခဲ့ပြီး တာဝန်ရှိသူများက  ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ( ၁၀ ) ရှိ ပြည်သူ ( ၅၂ ) ဉီးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင် ( ပြန် /ဆက် )