ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၁၅
ဧရာဝတီတိုင်းသေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုချင်အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ရာ BookClub နှင့်Youth Club အဖွဲ့ဝင်များ တက်ရောက်ကြသည်။
စာဖတ်ဝိုင်းတွင်ရှေးဦးစွာရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်ပါဗဟုသုတရစရာအချက်အလက်များကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်းတက်ရောက်ကြသော Book Club နှင့် YouthClub အဖွဲ့ဝင်များမှ ဆရာလယ်တွင်းသားစောချစ်၏ စာအုပ်ပါအကြောင်းအရာများဖြင့် ဆက်လက်ဆွေးနွေးခဲ့ရာရာ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးနှစ်ဦးတို့မှ မိမိတို့လေ့လာထားသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးပြီး လေ့လာမှတ်သားထားသော ဗဟုသုများကို ပြန်လည်မျှဝေခဲ့ကြသည်။
ကိုကိုမောင်