(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဉာဏ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြို ဉာဏ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ထပ်ဆင့်ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)အချိန်တွင် အဆိုပါ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမိုးကျော်က (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အကြို ဉာဏ်ပြိုင်ပွဲ များတွင် စွမ်းစွမ်းတမံဝင်ရောက် ယှဉ်ပြိုင်ကြ သည့် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုသောအားဖြင့် ယခုလိုအခမ်းအနားကျင်းပရခြင်းဖြစ် ကြောင်း အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြည်နယ်အဆင့်၊မြို့နယ်အဆင့်နှင့် ကျောင်းတွင်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများကို  ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မာမာရီ၊မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများအား ထပ်ဆင့် ဂုဏ်ပြုဆုများ  အသီးသီးပေးအပ်ချီမြှင့်ခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)