စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) များ ဆက်လက် ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင် ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါ လျော့နည်း ကျဆင်းစေရေးအတွက် ကာကွယ်ဆေးများကို ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက (Booster Dose)ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့   ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့်    ဒုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ    (ပြည်သူ့ကျန်းမာ)၊  ပလိပ် တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင်(ရောဂါနှိမ်နှင်းရေး)၊ ကျောက်ဆည် တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး)တို့က ဦးဆောင်၍  ကျန်းမာရေး ၀န်ထမ်းများ၊  မြို့နယ်အထွေထွေ  အုပ်ချုပ်ရေး ဦးစီးဌာနမှ    ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊  မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့၀င်များ၊  ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ  ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ ဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီး နိုင်စေရန်နှင့်   ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက်   သက်ဆိုင်ရာ   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက်/ကျေးရွာ   အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး    ပြည်သူများ သိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ၊HandSpaker များဖြင့်     လှည့်လည်ပြီး   အသိပညာပေး    နှိုးဆော်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်း  ပိုးသတ်ဆေးများ ဖြန်းပေးခြင်း၊  ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီးဌာနက      ထုတ်ပြန် ထားသော  ညွှန်ကြားချက်များအတိုင်း လိုက်နာမှု   ရှိ/မရှိ   စစ်ဆေးခြင်း အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီ(၁၄)ရက်နေ့ထိFirst Dose(၆၅၁၀၆) ဦး နှင့် Second Dose   (၅၃၄၅၆)ဦး နှင့် Third Dose (Booster Dose) (၈၄၇)တို့အား   ထိုးနှံပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက  ဆက်လက် ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

ညိုညိုဝင်း