ပေါင်းတည် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ၁နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဝန်ထမ်းများအားလုံး စာကြည့်တိုက် လုပ်ငန်းအား ကျွမ်းကျင်တတ်မြောက်ထားရန် လိုကြောင်းနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်စာအုပ်မှ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှါးလုပ်ငန်းနှင့် စာအုပ်များ ရောက်ရှိလာလျှင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်အဆင့်နှင့် စာအုပ်များ လေလွင့်ပြုန်းတည်းမှု မဖြစ်စေရန် ထိန်းသိမ်းရေးနှင့် စာအုပ်များ တိုးပွားစေခြင်း ခေါင်းစဉ်များကို ဝန်ထမ်းများက အလှည့်ကျ ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)