ဟားခါးမြို့တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဟားခါး ဖေဖော်ဝါရီ ၁၅

ဟားခါးမြို့ရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့မှစ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းစသည့် ဆေးထိုးစုရပ် (၃)နေရာတွင် ထိုးနှံပေးခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံကြ သည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအပြင် တစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်းမရှိသေး သူများလည်း ထိုးနှံပေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်ကြာ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း