စလင်း ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၁နာရီ၃၀မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပတ္တမြားခမ်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင်မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ လက်တလောကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများ ရှိနေသဖြင့် မြို့နယ်အတွင်းရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ထိရောက်စွာဆောင်ရွက်သွားရန်လိုအပ်ကြောင်း ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ရန်အတွက် အသိပညာပေးလှုပ်ရှားမှုဖြစ်သည့် Mask Campaing လုပ်ငန်းနှင့် ပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ မဖြစ်မနေကာကွယ်ဆေးများ ထိုးနှံနိုင်ရန်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းစေရန် ဆောင်ရွက်ရမည့်ကြိုတင်ကာကွယ်ထိန်းချုပ်ရမည့်လုပ်ငန်းများ၊ ဆေးထိုးရန်ကျန်ရှိသည့်ပြည်သူများအား ဆေးထိုးနှံနိုင်ရေး၊ ပြည်သူများ အသိပညာပေးဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပိုးတွေ့အတည်ပြုလူနာတွေ့ရှိပါက Quarantineထားရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်နိုင်ရေး၊ ဌာနဆိုင်ရာများနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌဦးနေလင်းနိုင်ကလိုအပ်သည်များကို ထပ်ဆင့်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
မောင်လွင်(စလင်း)