ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာ ပေး နှိုး‌ဆော်ချက်များအား လိုက်လံနှိုးဆော်

ပိုင်ကျုံ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယ‌မန်နေ့ မွန်းလွဲပိုင်းက  မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ ကရင်/ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ အသိပေးနှိုးဆော်ရာ၌  ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါ သည် မိမိတို့နိုင်ငံတွင် အဖြစ်နည်းသေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ် လျက်ရှိသဖြင့် မိမိတို့ ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ အနေဖြင့် ကာကွယ်ရေး လုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား  အကြိမ်အပြည့် အဝ  ထိုးနှံထားကြရန်၊   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/ နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှ ပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက   ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေး နှိုးဆော် ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး