ပိုင်ကျုံ ဖေဖော်ဝါရီလ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ရွှေတီဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်၌ ယနေ့ မွန်းလွှဲ ၂ နာရီတွင် စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာတို့၏ ဆယ့်နှစ်လရာသီထဲတွင် တပို့တွဲလကို ထမနဲထိုးပွဲအဖြစ် အမှတ်ရစေရေး၊ စည်းလုံး ညီညွှတ်မှုနှင့် ပျော်ရွှင်စွာ ပါဝင်ဆောင်ရွက်တတ်စေရန်၊ ရည်ရွယ်၍ ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှ ကြီးမှူးပြီး မြို့ပေါ် (၅)ရပ်ကွက်တို့မှ စုပေါင်းကာ အဖွဲ့(၆)ဖွဲ့ဖြင့် ယှဉ်ပြိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နော်ခူးခူး (ပြန်/ဆက်)