ပလောက် ဖေဖော်ဝါရီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးအုပ်စု အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခြင်းကို ပလောက်မြို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် ညောင်ရှင်ကုန်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား မြို့ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန် ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေး အခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့ဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နှင်းမြူလွင်