ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ကိုဗစ်ကုသရေးစင်တာအား သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ကွင်းဆင်းကြည့်ရှု

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာသဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၊ ဗဟိုအိမ်တိုင်ရာရောက် သားဖွားသင်တန်းကျောင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၈၀)ဦး ထားရှိနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း၊ အဆောင်သန့်ရှင်းရေး လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့က သွားရောက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)