ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ဒေါပုံ  ဖေဖော်ဝါရီ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှု များကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၆နာရီအချိန်က ယမုံနာ () ရပ်ကွက်ရှိ လမ်းဆုံလမ်းခွ နေရာများတွင် အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား တိတိကျကျ ပြည်သူများလိုက်နာကြရန်နှင့် ဧည့်သည်များ လက်ခံခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ထွက် လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို ပြည်သူများအထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အိုမီခရွန် (Omicron) အပါအဝင်     ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်း ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူများအားလုံး ဆက်လက်လိုက်နာ ဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်အတွင်းနှင့် လူစည်ကားရာနေရာများတွင် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယဉ်မော်(ပြန်/ဆက်)