ကာလိ ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးခြင်းကို ယနေ့နေ့လည်(၁) နာရီအချိန်ခန့်က ကာလိမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား အိမ်တိုင်ရာရောက် အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ် ပရိတ်သတ်များအတွက် အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေ စေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရတ စာအုပ်များ၊ ဝတ္ထု စာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး စာပေဖတ်ရှုလိုသော ပြည်သူများကို စုရပ်အဖြစ်သတ်မှတ်၍ သွားရောက် ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန်ပြုလုပ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို စာဖတ်ပရိတ်သတ်များအား ပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းကျော်