မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌တည်ထားမည့် ပဒုမ္မာ ရွှေကြာ ကိုးနဝင်းဆုဆောင်းပြည့် စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်းအနား ကျင်းပ

တောင်ပြိုလက်ဝဲ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ တောင်ကုန်းပေါ်၌ တည်ထား မည့် ပဒုမ္မာရွှေကြာ ကိုးနဝင်းဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က စေတီတော်တည်ဆောက်မည့် တောင်ကုန်း ပေါ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

စေတီတော်မြတ်အုတ်မြစ်ချ မင်္ဂလားအခမ်းအနားကို နမောဒသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် မောင်တောမြို့နယ်၊ သစ်တောရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဘန္ဒန္တ ကဝိသာရ ထံတော်မှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္စျယ် ချီးမြှင့်တော် မှုသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များမှ ပဒုမ္မာရွှေကြာ ကိုးနဝင်း ဆုတောင်းပြည့် စေတီတော်အုတ်မြစ် ရတနာအုတ်၊ ရွှေအုတ်၊ ငွေအုတ်တော်များအား အသီးသီး ချကြပြီး အနုမောဒနာတရားတော်နှင့် ရေစက်သွန်းချအမျှပေးဝေကာ ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုး၍ စေတီတော်အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြသည်။ ပဒုမ္မာရွှေကြာကိုးနဝင်းဆုတောင်းပြည့် စေတီတော်တည်ထား မည့် အမြင့်ပေမှာ ၁၉ ပေ ဖြစ်ပြီး စေတီတော်တည်ထားရေးအတွက် မီးတိုက်ကျေးရွာ၊ ကျေးရွာသူ/ရွာသားများနှင့် အလှူရှင်များမှာ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရ သည်။

သိန်းနိုင်(ပြန်/ဆက်)