နောင်ချို ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အနော်ရထားမင်းတည် ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာပဌာန်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ( ၁ ) နာရီအချိန်တွင် တဲနန်းတော်စေတီမြတ်ကြီး ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မဟာမြတ်ပဌာန်း အောင်ပွဲအခမ်းအနားတွင် ဆရာတော်သံဃာတော်များ၊ အလှူရှင်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ကြပြီး အနုမောဒနာရေစက်ချ တရားချီးမြှင့်ခဲ့သည်။ မဟာမြတ်ပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဖေဖော်ဝါရီ ၁၅ ရက်နေ့ (တပို့တွဲလပြည့်နေထိ) ကျင်းပခဲ့ပြီး၊ တပို့တွဲ လပြည့်နေ့ နံနက်ပိုင်းမှစ၍ ဧည့်ပရိတ်သတ်များအား စတုဒီသာများ ကျွေးမွေးခြင်း၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး နေ့လယ် (၁) နာရီအချိန်တွင် ဧည့်ပရိသတ်များ ဒါယိကာ၊ ဒါယိကာမများက သံဃာတော် (၅၄) ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်