နတ်တလင်း ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှပြည်သူများ လာရောက်ထိုးနှံကြပြီး COVID Shield ကာကွယ်ဆေးကို မြို့နယ် အတွင်း (လုံးဝ)မထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအားလုံးကို ထိုးနှံပေးမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)