ဒဂုံတောင် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ ဒေသန္တရတိုက်နယ်ဆေးခန်းများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံတိုက်ကျွေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁၈)ရပ်ကွက်ရှိ ဒေသန္တရ ကျန်းမာရေး ဆေးခန်းတွင် ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ထိုးနှံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါထိုးနှံတိုက်ကျွေးခြင်းတွင် ပုံမှန်ကာကွယ်ဆေးများဖြစ်သော အဆုတ်၊ တီဘီ၊ ငါးမျိုးစပ်(BCG) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်၊ မေးခိုင်၊ ဝက်သက်ရောဂါများ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ထိုးနှံတိုက်ကျွေးပေးလျက် ရှိကြောင်း သိရှိရသည်။
သန်းသန်းအေး(ဒဂုံတောင်)