ပေါက်‌ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပေါက်ခေါင်း ဖေဖော်ဝါရီ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့‌ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ် ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာ‌ကျော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး၊ ဝန်ထမ်းများအားလုံးမှ စာကြည့်တိုက်လုပ်ငန်းများကျွမ်းကျင် တတ်မြောက်ထားရန်လိုကြောင်းနှင့် စာကြည့်တိုက်ကိစ္စရပ်များတွင် ဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှ ဦးဆောင်၍ဆွေးနွေးရာတွင် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာအုပ်မှ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှါးလုပ်ငန်းနှင့် စာအုပ်များရောက်ရှိလာလျှင် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်အဆင့်နှင့် စာအုပ်များလေလွင့်ပြုန်းတည်းမှုမဖြစ်စေရန်ထိန်းသိမ်းရေး အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဝန်ထမ်းများက အလှည့်ကျ ဖတ်ရှုဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)