ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ညအချိန် များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများ အတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ စျေးတွေမှာ ညအချိန်များ၌ မီးကြွင်းမီးကျန်များမှတစ်ဆင့် မီးဘေးအန္တာရာယ် မဖြစ်ပေါ်စေရေး၊ မသမာသူများ ထားရှိသော မသင်္ကာဖွယ်ရာ ပစ္စည်းများကြောင့် မီးလောင်ကျွမ်း ခြင်းများ မဖြစ်ပေါ်စေရေးနှင့် စျေးသူ/သားများ သိမ်းဆည်းထားရှိသော ကုန်ပစ္စည်းများ လုံခြုံမှုရှိ စေရေးတို့အတွက် အဖွဲ့(၄)ဖွဲ့ခွဲပြီး စစ်ဆေးတာပါ ” ဟု တာမွေ(ယာယီ)စျေးတာဝန်ခံ ဦးသူရဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် တာမွေ(ယာယီ)စျေး၊ ကျောက် မြောင်းစျေး၊ ဒဂုဏ်ညွန့်စျေး၊ အရိုးကုန်းစျေး၊ မေတ္တာညွန့်စျေး၊ ရာပြည့်စျေး၊ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန်လွတ်စျေး စသည်ဖြင့် စည်ပင်သာယာစျေး(၇)စျေးရှိပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ စျေးများတွင် အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများကို အထူး အလေးထား ဆောင်ရွက်နေသလို မြို့နယ်အတွင်းရှိ စျေးများ၌ နွေရာသီကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေး ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)