မာန်အောင် ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covidshield (၂)နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား သတ္တမအသုတ်(ပထမ)အကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှ ညနေ၃နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစောမင်း ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေး အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster)ထိုးနှံလာသူ အသက်(၆၅)နှစ်အထက် ( ၃၇) ဦး၊ နိုင်ငံဝန်ထမ်း(၁၆) ဦး၊ ပရဟိတစေတနာ့ဝန်ထမ်း (၂)ဦး၊ စုစုပေါင်း(၅၅)ဦးနှင့် အသက်(၁၈)နှစ်အထက် သတ္တမအသုတ်(ပထမ) အကြိမ် အဖြစ်ထိုးနှံလာသူ( ၁၅ )ဦး ရှိကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)