ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေး

ငဖဲ   ဖေဖော်ဝါရီ   ၁၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) များ တပ်ဆင် သွားလာသည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန် ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈နာရီက ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ် ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ် ကော်မတီဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ပြည်သူ များနှင့် ငဖဲမြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား နှာခေါင်းစည်း (mask)များ အခမဲ့ ဖြန့်ဝေ ပေးခဲ့ပြီး အိုမီခရွန် မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့ပွားမှုမဖြစ်ပေါ်စေရေး ကျောင်းတက်ရန် လာရောက်သည့်အခါတိုင်းနှင့် အိမ်အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်သွားလာကြရန် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။

မယု (ငဖဲ)