ဖောင်းပြင်မြို့ ကမ်းနားလမ်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီး
ဖောင်းပြင်မြို့၌ ကမ်းနားလမ်း မြစ်ကမ်းပါးပြိုကျမှုကို ကာကွယ်နိုင်ရန်အတွက် ယခင်နှစ်များက ဆောင်ရွက်ထားရှိခဲ့သည့် မြေထိန်းနံရံများအရှေ့တွင် ယခုနှစ်မိုးရာသီအချိန်နောက်ပိုင်း ချင်းတွင်းမြစ်ရေကျဆင်းချိန် ပြတ်ရွေ့ကြောများဖြစ်ပေါ်ခဲ့ပြီး ယခင်မြေထိန်းနံရံများနှင့် မြေသား ပြတ်ရွေ့ကြောများ ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးနိုင်ရန် ကာကွယ်မှုစွမ်းအားမြင့်မားသည့် Bore Pile အခြေပြုသံကူကွန်ကရစ်မြေ ထိန်းနံရံနှင့် ကျောက်ပြားကပ်တမံ အရှည်(၃၄၀) ပေအား ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၄၆ ဒသမ ၇၅၀) သန်းဖြင့် ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ ယမုံဦးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအားလုံးကို မတ်လ ၂၀ ရက်နေ့တွင် အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။