ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် မီးဘေးသင့် အိမ်(၃)လုံးအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

မြန်အောင် ဇန်နဝါရီ ၁၆

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးရုံးနှင့် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က မြန်အောင်မြို့အမှတ် (၄)ရပ်ကွက် မီးဘေးသင့် အိမ်(၃)လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယနေ့ နေ့လည် ၂ နာရီက မီးဘေးသင့် အိမ်ထောင်စုများထံ ပေးအပ်ခဲ့သည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးရုံးမှ မီးဘေးသင့်သစ်အိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် (၂၀၀၀၀၀)ကျပ်၊ မီးဘေးသင့်လူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၈၉၀၀)ကျပ်နှင့် မီးဘေးကြောင့် ဒဏ်ရာရရှိသူ (မ)တစ်ဦးအား ထောက်ပံငွေ (၅၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂)စုအတွက် တစ်ကိုယ်ရည်သုံး ပစ္စည်း (၁၇)မျိုးစီနှင့ ်မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မီးဘေးသင့်အိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ကြက်ဥ၊ ဆား၊ ရေသန့်ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် မီးဘေးသင့် အိမ် (၃)လုံးအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးရုံးမှ ဒုတိယဦးစီးမှူး ဦးထက်နိုင်တို့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်