ပန်း​တောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပန်း​တောင်း ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သုံးဘီးမော်တော်ယာည်  ဖြင့်လှည့်လည်၍ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့်ပူး‌ပေါင်းအဖွဲ့က ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်၊  ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများ နှင့်ပူးပေါင်း ကူညီဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန် စသည့်အချက်များကို အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး (ပြန်/ဆက်)