ဘူးသီးတောင် ဖေဖေါ်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို ယနေ့ နံနက်၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင်ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကိုကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ် တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက် သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်၊ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရန်အတွက် ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံကြပါရန်နှင့် ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်းသိရသည်။
လှကျော်(ပြန်/ဆက်)