ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉‌ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ယနေနံနက် ၇ နာရီခွဲ အချိန်က မြို့အဝင်နှင့် သစ်ရာမြိုင်ဈေးရှေ့ လူစည်ကားသောနေရာ၌ Mask Campaign ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြောက်ဦးမြို့၌ Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကားရာနေရာများရှိ လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများအား စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန၊ ကရင်ပြည်နယ် အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲကို ဘားအံမြို့ နတ်ကျွန်းကျေးရွာ သီရိမင်္ဂလာရွှေနတ်ကျွန်းတိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ)စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက်သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီး တစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့နယ် လဝါကျေးရွာ၌ လူငယ်အားကစားဘောလုံးကွင်း ကွင်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် လဝါကျေးရွာ၌ လူငယ်အားကစား ဘောလုံးကွင်း ကွင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က လဝါကျေးရွာ၊ လူငယ်အားကစား ဘောလုံးကွင်းသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည် တည်ဆောက်ခြင်း (၈၀ ရာခိုင်နှုန်း) ပြီးစီး ပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့မစည်ပင်သာယာစျေးအသစ်ပြန်လည်တည်ဆောက်ခြင်း (၈၀ ရာခိုင်နှုန်း) ပြီးစီးပြီဖြစ် ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာများဖြစ်သော မီးသတ်ရုံးရှေ့နှင့် မြို့မစျေးကြီးအတွင်းရှိ စျေးရောင်း စျေးဝယ်သူ အများပြည်သူများအား နှာခေါင်းစည်း များပေးဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်း ဆက်လမ်းပေါ်တွင် Box Culvert (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign အား အစဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများက နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ ဝတ်ဆင်တတ်သည့် အလေ့အကျင့်ကောင်းများကို ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်ပြီး Mask Campaign အသွင်ဖြင့် အစဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲအချိန်မှစ၍ တနင်္သာရီမြို့မရဲစခန်းအရှေ့ လမ်းဆုံနေရာတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင် ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံ လမ်းခွ နေရာများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to