မြင်းခြံမြို့၌ (၆၁)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဝိနယာနုဂ္ဂဟ စာမေးပွဲကြီး ကျင်းပ

မြင်းခြံ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ နှစ်ကျိပ်ရှစ်ဆူဘုရား၌ နှစ်ကျိပ်ရှစ်ဆူ ဝိနယာနုဂ္ဂဟ စာမေးပွဲကြီးကို ယနေ့ နေ့လည် ၁၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် နှစ်ကျိပ်ရှစ်ဆူ ဝိနယာနုဂ္ဂဟ အသင်းကြီးတို့ ကြီးမှူးအပ်သော ကျေးဇူးတော်အရှင် (မင်းကွန်းတိပိဋကဓရ) ဆရာတော်ဘုရားကြီး၏ တိပိဋက ဂုဏ်ရည်ကို (ဓမ္မဖြင့်) ပူဇော်ကြသည့် (၆၁)ကြိမ်မြောက် "မင်းကွန်း တိပိဋကဓရနေ့ ဝိနည်းစာတော်ပြန်ပွဲ" ကို နှစ်ကျိပ်ရှစ်ဆူ ဘုရားကြီး ရင်ပြင်တော်တွင် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဩဝါဒစရိယ ပဓာနနာယက (စာမေးပွဲကျင်းပရေး တာဝန်ခံ) ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။

အဆိုပါ နှစ်ကျိပ်ရှစ်ဆူ ဝိနယာနုဂ္ဂဟ စာမေးပွဲကြီးကို နေ့လည် (၁၂)နာရီမှ နေ့လည် (၄)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပလျက်ရှိပြီး စာဖြေ သံဃာတော် အပါး (၃၀၅) ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။                                 

ကျော်စွာ