မိုးကောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများလုပ်ငန်းညှိနှိုင်းဆွေးနွေး

မိုးကောင်း ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ဖေဖော်ဝါရီ ၁၆ ရက်နံနက်(၁၁)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ရပ်ကွက်/ကျေးရွာများ၌ ကိုဗစ်ကာကွယ်ရေး အသိပညာပေးဆော်ဩခြင်းလုပ်ငန်းကို နေ့စဉ် ဆောင်ရွက်စေရေး ပြည်သူများအား ကိုဗစ်စည်းချက်နှင့်အညီ နေထိုင်စေရေးနှင့် Mask Campaign များ ပြုလုပ်စေရေး အမှာစကားပြောကြား၍ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်းမှ ကိုဗစ်-၁၉ဓါတ်ခွဲ အတည်ပြုလူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ(Version 7)အကြောင်းကို ရှင်းလင်းကာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးနိုင်လင်းအောင်က ဆေးထိုးပြီးစီးသည့် QR Code အကြောင်းအရာများနှင့် phase 7 doses ဆေးထိုးနှံရန်နိုးဆော်ပေးရေး ဆွေးနွေးပြောကြား ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကာ Quarantine Centre ပြန်လည်ထားရှိရေး၊ မိမိကိုယ်မိမိ ကိုဗစ်ရောဂါမဝင်ရောက် နိုင်စေရန်ထိန်းသိမ်းနေထိုင်စေရေး၊ ဈေးများ စားသောက် ဆိုင်များ ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)