လင်းခေးမြို့နယ်အတွင်းရှိပြည် သူများအားကိုဗစ်၁၉-ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

လင်းခေး ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်း ချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊မြို့နယ်ကျန်းမာ ရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်၈ရပ်ကွက်နှင့် ပုန်းထွန်ကျေး ရွာအုပ်စုရှိ ပြည်သူများအားကို ဗစ်၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ မွန်းတည့်၁၂နာရီအထိ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအ ကြိမ်)(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းနှင့် တစ်ကြိမ်မျှမထိုးနှံရသေး သောသူများအား သတ်မှတ်ချက် များအလိုက် Covid Shield, Cinofrom နှင့် Booster Doseထိုးရန် လိုအပ်သည်များအတိုင်း မြို့ နယ်ကျန်းမာရေး ဦးစီးဌာမှတာဝန် ရှိသူတို့က ထိုးနှံပေးခဲ့ကြသည်။

မြို့နယ်ကျန်းမာရေးဌာနတာဝန်ရှိသူတို့ကထိုသို့ဆေးများမထိုးနှံမီလာရောက်ထိုးနှံကြသည့်ပြည်သူ များအားအပူချိန်တိုင်းတာပေးခြင်း၊ကိုဗစ်ရောဂါကူးစက်ခံရဖူး ခြင်းရှိမရှိနှင့် အခြား ကျန်းမာရေး ဝေဒနာခံစားနေရခြင်းများရှိမရှိတို့ကို ဦးစွာစစ်ဆေးပေးပြီးမှကို ဗစ်ကာကွယ် ဆေးအား ထိုး‌နှံပေးခဲ့ကြသည်။

ယမန်နေ့ (၁၅-၂-၂၀၂၂)ရက်နေ့က မြို့ပေါ်၈ရပ်ကွက်နေပြည်သူများ၊ ပုန်းထွန်ကျေးရွာ အုပ်စုရှိပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ (၆၀)ဦးလာရောက် ထိုးနှံခဲ့ ကြသည်။ ယနေ့၌ပြည်သူလူထု စုစုပေါင်း(၂၆၄)ဦးတို့က ဆက်လက်ထိုးနှံပေးနိုင်ခဲ့ကြောင်း၊အလားတူ လင်းခေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအသီး သီးတို့တွင်လည်း တပြိုင်တည်းထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ကို ဗစ်ကော်မတီမှ သိရသည်။

စိုင်းဇော်လတ်