မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ‌ချောင်းနက်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ နေ့လယ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊‌ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ချောင်းနက်ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ပြည်သူများအနေဖြင့် ကိုင်ဆောင်သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုး ရရှိရေးအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာကို ကြိုးစားသင်ယူ‌စေလိုကြောင်းနဲ့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီမှူးရုံးမှ ဝန်ထမ်းများက ချောင်းနက်ကျေးရွာရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက် ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန‌ ‌ တောင်တွင်းကြီးမြို့နယ် ဦးစီးမှူးရုံး အနေဖြင့် ချောင်းနက်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ (၂၄၈)ဦး တို့ကို‌ နိုင်ငံသားစိစစ်‌ရေးကတ်များ ဆောင်ရွက်‌ပေးနိုင်ခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ပြန်/ ဆက်)