အင်္ဂပူ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အား GreenCity, CleanCity ဖြစ်စေရန်အတွက် မြို့ဝင် မြို့ထွက် လမ်းမကြီးများတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်၊ ပြည်သူများ စည်းကမ်းလိုက်နာကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန် အသိပညာပေးသည့် အနေဖြင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စုပေါင်း အမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၇ နာရီတွင် အမှတ် (၁) ရပ်ကွက်၊ ချယ်ရီလမ်း တစ်လျှောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သော အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးမှ ဝန်ထမ်းများ၊စုပေါင်းပြီး မြို့သန့်ရှင်း သာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ အမှိုက်ကင်းစင်ရေးအတွက် စုပေါင်း အမှိုက် ကောက်ခြင်း၊ ပေါင်းမြက်များ ခုတ်ခြင်း၊ မြက်ရိတ်စက်ဖြင့် ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီး အမှိုက်များအား စနစ်တကျ စုပုံပြီး စည်ပင်သာယာ အမှိုက်သိမ်းကားဖြင့် စနစ်တကျ လိုက်လံသိမ်းဆည်းခြင်းများ ဆောင်ရွက်၍ အပတ်စဉ် စနေနေ့တိုင်း ဌာနအလိုက် ဘုရားကျောင်း၊ ကန်များတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခြင်း၊ အမှိုက်ပုံးများ စနစ်တကျ ထားရှိရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မရှိစေရေး တို့အတွက် ဆောင်ရွက်ခဲ့ရာ စုပေါင်းအမှိုက်ကောက်ပွဲ၌ ပြည်သူများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)