မဲဇလီကုန်းမြို့၌ နှာခေါင်းစည်းတပ်ဆင်ရေး Maskများ အခမဲ့ဖြန့်ဝေ

အင်္ဂပူ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်း Omicron (အိုမီခရွန်)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက် ဦးဆောင်၍  နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်း ပြုလုပ်ခဲ့သည်။

ယင်းသို့ဆောင်ရွက်ရာတွင် မဲဇလီကုန်းမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထိုက်နှင့် ဝန်ထမ်းများ၊ မြို့ဌာနဆိုင်ရာ အကြီးအကဲများက မဲဇလီကုန်းမြို့ အ.ထ.က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြန်မာနိုင်ငံတွင် အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်သူများရှိနေပြီးဖြစ်ပြီး၊ ဒေသကြီးများတွင်လည်း ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများရှိနေပြီဖြစ်၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်  သွားလာကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် ဆေးကြောပေးရန်၊ လက်ကို ဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ အပြင်ထွက်ရာက ပြန်လာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Maskများကို စနစ်တကျ စွန့်ပစ်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့်မပျက်မကွက် ခံယူကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask အခုရေ(၅၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)