မင်းပြား ဖေဖော်ဝါရီ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေး၀မ်းကျောင်းပညာ လိုအပ်ချက်တို့ကို စိစစ်စီမံခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မင်းပြားမြို့နယ် ရာမောင်ခမ်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မင်းပြားမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒေါ်မေဦးခိုင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း သိကောင်းစရာများအား မိတ်ဆက်ရှင်းလင်း ပြောကြားပြီး တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒေါ်မြသဉ္ဇာထက်က နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး လူမှု၀န်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ရှေးဦးအရွယ်ကလေးငယ်များကို ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒတို့အား ရှင်းလင်းပြောကြားကာ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ ဒုတိယဦးစီးမှူး ဦးမောင်သန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စိစစ်စီမံခြင်း၊ စစ်တမ်း ကောက်ယူရခြင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သိန်းနုအောင်