မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံများ ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊မရှိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံနှင့် ဇာထိုးပန်းထိုးစက်ရုံများအား ယမန်နေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက စက်ရုံအတွင်းရှိ အလုပ်သမားများကို ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက်မှု ရှိ၊မရှိကို လိုက်လံစစ်ဆေး ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စက်ရုံအတွင်းရှိ အလုပ်သမားများ ကျန်းမာရေးဝန်ကြီးဌာနမှ ထုန်ပြန်ထားသော ကိုဗစ်စည်းကမ်းနှင့်အညီ အလုပ်သမားများ တစ်ဦးနှင့်တစ်ဦး(၆)ပေခွါ၍ လုပ်ကိုင်ခြင်း ရှိ၊မရှိ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ တပ်ဆင်ထားခြင်း ရှိ၊မရှိ၊ (Face shield)များ တပ်ဆင်ထားခြင်း ရှိ၊မရှိ လက်ဆေးဘေစင်များ သန့်ရှင်းစွာထားရှိခြင်း ရှိ၊မရှိ လက်သန့်ဆေးရည်များ စနစ်တကျထားရှိခြင်း ရှိ၊မရှိ၊ အလုပ်သမားများနေသည့် အဆောင်များ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ခြင်း ရှိ၊မရှိတို့ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပူးပေါင်း၍ လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို စက်ရုံရှိတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)