ဖားကန့်မြို့၌ မြို့ဦးစေတီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာသဘင်အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်ဦးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူခြင်း အန္တိမအဂ္ဂိစျာပနပူဇာ သဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမှတ်(၄၉)ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး အတွက် မီးဘေးကြိုတင် ကာကွယ် ရေးနှင့် သရုပ်ပြသခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက အမှတ်(၄၉) စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ အသိပညာပေး သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ (၂၁)ရက် မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအားကြည်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇ အသစ်အိုမီခရွန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်များအတွင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်နှင့် ညွှန်ကြားချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ် ၍ ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွှဲ(၂)နာရီအချိန်၌ တောင်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

စားသုံးသူကာကွယ်ရေးဥပဒေပါ "စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ" အကြောင်း အသိပညာပေး Talk Show ကျင်းပ

စားသုံးသူကာကွယ်ရေးဥပဒေပါ "စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ" အကြောင်း အသိပညာပေး Talk Show ကျင်းပ ပြည် ဖေဖော်ဝါရီ ၂၄ ကိုဆက်(ပြန်/ဆက်)

မိုင်းတုံမြို့၌‌ ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်ခြင်းအား ကွင်းဆင်းစစ်‌‌ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခြောက်လပတ်ပြည်ထောင်စု ခွင့်ပြုရန်ပုံ ငွေဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းဖြစ်သော ရေကန်တည်‌ဆောက်မှုနှင့်‌ ရေပိုက်သွယ်တန်းခြင်းဆောင်ရွက်‌ပြီးစီးမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင် ဒုတိယ ညွှန်ကြားရေးမှူးဦးခင်မောင်တိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌အောင်မျိုးထက်နှင့်‌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ၊ ရပ်မိရပ်ဖများမှ လုပ်ငန်းဆောင်ရွက်‌ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (CoviShield) ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူ များအားဒုတိယအကြိမ်(Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီမှ ညနေ ၃ နာရီ အချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကစံဘုရားဝန်းအတွင်းရှိဓမ္မဗိမာန်ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉)ရပ်ကွက် ရှိ ဓမ္မာရုံတို့တွင် (၂၅၇)ဉီးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့် လှည့်လည်ဆောင်ရွက်ခဲ့သည်။
Subscribe to