မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေး

မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး က "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို ရပ်ကွက်၊ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသော ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လဝကမှူးဒေါ်နွယ်မာထွန်း ဦးဆောင်သောအဖွဲ့က မြောက်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည် သူအသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူ (၃)ဦး ၊အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ(၄)ဦး၊လဲလှယ်(၈)ဦး မိတ္တူ(၁)ဦးစုစုပေါင်း (၁၆)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောက်ရွက်ပေးခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ(၃) ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ထိနိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၂၈၅၈) ကတ်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

သန္တာ