လသာ ဖေဖော်ဝါရီ ၂၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယနေ့နံနက် (၉) နာရီအချိန် က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက(၂) လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမျိုးကိုကိုနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရှိကြောင်း သိရသည်။
ယနေ့တွင် အသက်(၁၈)နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံသူ ကျား(၁၃)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း (၃၃)ဦးတို့ကို ရောဂါကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မို့မို့သူ ( ပြန်/ဆက်)