အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်(Mask) စနစ်တကျ တပ်ဆင်သွားလာစေရေး ကြီးကြပ်ဆောင်ရွက်

အုတ်ဖို    ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့နှင့် အေးမြသာယာ ကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌  Mask တပ်ဆင်ထားခြင်း မရှိသူများအား မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask တပ်ဆင် သွားလာကြစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက စျေးအတွင်းနှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား Mask စနစ်တကျ တပ်ဆင်သွားလာစေရေးနှင့် စျေးဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ရောင်းချစေရေး သတိပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)