ညောငဦးမြို့နယ်၊ မြောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအား ချောက်မြို့၊ အမှတ်(၇) ရပ်ကွက် အများပြည်သူများမှ ဆန်၊ ဆီ၊ ကြက်ဥနှင့် အိမ်သုံးအဆောင် ပစ္စည်းများ သွားရောက်လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့အမှတ်(၇)ရပ်ကွက်ရှိ ရွာဟောင်းရပ်၊ အုပ်ဖိုရပ် အများပြည်သူများမှ မန္တလေးတိုင်းဒေသကြီး၊ ညောငဦးမြို့နယ် မြောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က မီးလောင်မှုကြောင့် ယင်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် အိမ်သုံးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က သွားရောက် လှူဒါန်းခဲ့သည်။