ငပုတော ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစည်ကားရာနေရာများဖြစ်သည့် ငပုတော မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၊ သင်္ဘောဆိပ်နှင့် မြို့မစျေး အတွင်းရှိ ဈေးရောင်းချနေသူများအား ယမန်နေ့ နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဈေးဆိုင်များအား စစ်ဆေးရာတွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဇင်မြတ်မင်းထွဋ်နှင့် ဝန်ထမ်းများ၊ ငပုတောမြို့ နယ်မြေခံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက စျေးဆိုင်ရောင်းချသူများအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် လိုက်နာရမည့် အချက်များအပေါ် ဈေးရောင်းသူများ လိုက်နာ၍ ရောင်းချနေ မှုရှိ/မရှိစစ်ဆေးကြပြီး ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်း Mask နှင့် Face shield တို့ကို စနစ်တကျ တပ်ဆင်၍ ရောင်းချရန် စျေးဝယ်ယူသူများကိုလည်း Mask တပ်ဆင်ပြီးမှ ဝယ်ယူစေရေး၊ ဆိုင်အရှေ့တွင် လက်သန့်ဆေးရည် ဆပ်ပြာရည်နှင့် လက်ဆေးဘေစင်ထားရှိရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို မပျက်မကွက် လိုက်နာကြပါရန် အသိပညာပေးပြောကြားကာ ပြည်သူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)