ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ IDPစခန်းနှင့် ဒေသခံဘင်္ဂါလီများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ်(ပထမ)အကြိမ်ထိုးနှံ

ပေါက်တော ဖေဖော်ဝါရီ  ၂၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာရှိI DP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံ ဘင်္ဂါလီပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား သတ္တမအသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin)ကို ယနေ့နံနက် ()နာရီက ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်တက်မော် IDP စခန်းနှင့် ဒေသခံဘင်္ဂါလီပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ အနောက်ရဲ ရဲကင်းမှူး ရဲအုပ်သန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိ သူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နှင့်ယနေ့တို့တွင် ပေါက်တော မြို့နယ်ရှိ ဆင်တက်မော်lDP စခန်း၌ခိုလှုံနေကြသော ပြည်သူများနှင့် ဒေသခံဘင်္ဂါလီပြည်သူစုစုပေါင်း(၂၆၈)ဦး လာရောက် ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်