ခေါဇာ ဖေဖော်ဝါရီ ၂၄
ကိုဗစ်-၁၉ရောဂါ အပါအဝင် ဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကြိုတင် ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်းကို ခေါဇာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်မှုဖြင့် ကျောင်းဝင်းများအတွင်းရှိ စာသင်ခန်းများ၊ ပြတင်းပေါက်များ ကျောင်းသား၊ ကျောင်းသူများ ကိုင်တွယ်ထိတွေ့မှု အများဆုံးနေရာများနှင့် သန့်စင်ခန်းများတွင် ပိုးသတ်ဆေးလိုက်လံ ဖျန်းပေးခဲ့ကြောင်း သိရသည်။
ခေါဇာ(ပြန်/ဆက်)