တောင်ကြီးမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း အသံချဲ့စက်များဖြင့်လှည့်လည်ဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ်၊ ၄/မြောက်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်ပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိူးထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီ၌ သာကေတမြို့နယ် ၄/မြောက်ရပ်ကွက် အတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်များကို ၄/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိမိတို့မြို့အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် (Omicron) ကူးစက်မှု မရှိစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ဇီးချိုကုန်းကျေးရွာတွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကျင်းပ

မိတ္ထီလာမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ဇီးချိုကုန်းကျေးရွာ ဆောင်ရွက်ခဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခရီးသွားဧည့်သည်များကို စည်းကမ်းတကျဝန်ဆောင်မှုပေးနိုင်ရေးနှင့် တာဝန်သိခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရေး အသိပညာပေး ဟောပြောပွဲ ငပလီမြို့၌ကျင်းပ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သံတွဲခရိုင်ရုံးခွဲမှ ကြီးမှူးကျင်းပသည့် ခရီးသွားဧည့်သည်များကို စည်းကမ်းတကျ ဝန်ဆောင်မှုပေးနိုင်ရေးနှင့် တာဝန်သိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာစေရေး အသိပညာပေး ဟောပြောပွဲကို ကနေ့နံနက် ၈:၃၀နာရီက ငပလီမြို့ Sky Lodge တည်းခိုရိပ်သာ၌ ကျင်းပပြုခဲ့လုပ်သည်။

မီတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တစ်နာရီ ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောင်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တစ်နာရီ ၄၀ လီတာအိုး လေးလုံး ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်နှင့် အဆောက်အဦလွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ အောင်သပြေကျေးရွာတွင် မြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ အောင်သ‌ပြေကျေးရွာအား စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှတာဝန်ရှိသူများ၊ လမ်းဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ရပ်မိရပ်ဖများနှင့် အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် CommunityCentre တွင် ကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောခြင်းကို ယနေ့မွန်းလွဲ(၁) နာရီတွင် ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆိုလာရေတင်ပန့် သရုပ်ပြ မိတ်ဆက်ရှင်း လင်းပွဲကျင်းပ

‌မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြစ်ကမ်းနားတစ်လျောက် ကျေးရွာများအနေဖြင့် နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာ အသုံးချပြီး ရေလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦး၊ Pro Engineering CO.LTD မှ တာဝန်ရှိသူများ အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ က ထူးပေါက် ကျေးရွာတွင် စိုက်ပျိုးရေး လုပ်ငန်းသုံး ဆိုလာရေတင်ပန့် သရုပ်ပြမိတ်ဆက်ရှင်းလင်းပွဲကို ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်တွင် မွေးစမှ ၁နှစ်ခွဲအထိကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေး ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်၉ နာရီက ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Subscribe to