စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု၊ ရေလည်စုကျေးရွာ အေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စလင်း ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်မကျွန်းကျေးရွာအုပ်စု ရေလည်စုကျေးရွာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲမှူးကြီးအောင်သူ၊အဖွဲ့ဝင်ဦးစိန်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့က သွားရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများ ဒေသခံပြည်သူ များနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးနေလင်းနိုင်က နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ လိုက်ပါလာကြသည့် ဌာနဆိုင်ရာများမှ ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအသိပညာပေးခြင်းများကို ဌာနအလိုက် မိတ်ဆက် ဆွေးနွေးခဲ့ ကာကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစိုးခိုင်က မိမိတို့ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းများဖြင့် ကျေးရွာဖွံဖြိုးတိုးတက်လာစေရန် ဆောင်ရွက်မှုများ၊ စီမံကိန်းလုပ်ငန်းများအကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းနိုင်မှ ကျေးရွာလျှပ်စစ်မီးရရှိရေးနှင့် ဒေသခံပြည်သူများ ရပ်မိရပ်ဖများနှင့် မိမိတို့ကျေးရွာဆောင် ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများမှ ဌာနအလိုက် ပြန်လည်ရှင်းလင်း ပြောကြားခဲသည်။ ဆက်လက်၍မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 မောင်လွင်(စလင်း)