ဟိုပန်၌ ပထမအကြိမ်မြောက် သီလရှင်အပါး (၁၀၀) ဝတ်ပွဲ အလှူတော်မင်္ဂလာ ကျင်းပ

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပထမအကြိမ်သီလရှင်အပါး (၁၀၀) ဝတ်ပွဲအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ ဟိုပန်မြို့၊ သီရမင်္ဂလာပရိယတ္တိသီလရှင် စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်း​မြို့နယ်၊ မုန့်လုပ်​ဆောင်းကုန်း/တောင်ရပ်ကွက်၊ ဟံသာဝတီ လမ်းရှိ အထက(၁) ​ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၀၉:၀၀) နာရီအချိန်က sinovac phase 6 (ဒုတိယ) အကြိမ်ထိုးနှံသူ (၈၃) ဦးနှင့် covishield phase 7(ပထမ) အကြိမ် ထိုးနှံသူ (၁၂၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံသူ (၂၀၄) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

ဖျာပုံမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်၍ လုံခြုံရေးကိစ္စရပ် စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် (၂)ခု ဖွင့်လှစ်၍ လုံခြုံရေးကိစ္စရပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၆)နာရီ အချိန်မှ စတင်၍ ဖျာပုံ- ကျိုက်လတ်ကားလမ်းမကြီးပေါ် စစ်ဆေးရေးဂိတ် (၂)နှင့် ဖျာပုံ၊ ဒေးဒရဲမြို့ထွက် ဖျာပုံတံတားအဆင်း စစ်ဆေးဂိတ်(၁)တို့တွင် မြို့နယ်လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ လုံခြုံရေးကိစ္စရပ်များအား စစ်ဆေးဆောင်ရွက်ကြသည်။

မြောက်ဦးမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကားရာ နေရာများရှိ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းနှင့် ပါးစပ်နှာခေါင်းစည်း ဖြန့်ဝေပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် ကျေးရွာအုပ်စု(၃)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၉)နာရီက ‌‌ မိုးမခအုတ်ကျင်း၊ ကွမ်းသီးချောင်း လေးနှင့်ဘိုးဘေးအညာစု ကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်​​စေ​ရေး အသိပညာ​ပေး ​ဆွေး​နွေးပွဲကျင်းပ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၂) အ​ခြေခံ ပညာ အထက်တန်း​ကျောင်း မြညီလာခန်းမအတွင်း၌ ပညာ​ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ​ကောင်စီတို့ ပူး​ပေါင်း၍ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်​စေ​ရေး အသိပညာ​ပေး​ဆွေး​နွေးပွဲကို ယမန်​နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်ပြည်သူများအား ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် ဗျိုင်းသစ် ကျေးလက်ကျန်းမာရေးဌာနစုရပ်တွင် ယမန်နေ့ နံနက်(၉)နာရီက ဆက်လက် ထိုးနှံပေးသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အဝင်လမ်းမရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်တွင် နိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလှဲလှယ်နှုန်းထားအတိုင်း စက်သုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူဌာနဆိုင်ရာများ အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မုံရွာမြို့တွင် စားသုံးဆီအရောင်းဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ တို့က ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆီကုန်သည်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာဖြင့် မှာယူတင်သွင်းခဲ့သော စားသုံးဆီအရောင်းဆိုင်များအား မုံရွာခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများပါဝင်သော ခရိုင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေး ပူး‌ပေါင်းအဖွဲ့တို့သည် ယမန်နေ့ နံနက်က မုံရွာမြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များနှင့် ချင်းတွင်း ရတနာဈေး၊ သီရိရတနာဈေး၊မြသလ္လာဈေးများရှိ စားသုံးဆီအရောင်းဆိုင်များသို့ စားသုံးဆီ ရောင်းချရာတွင် အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်ထားသော အထူးဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြ‌ကြောင်း သိရသည်။
Subscribe to