ဝါးခယ်မမြို့နယ် ကျေးရွာအုပ်စု(၃)အုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ ဖေဖော်ဝါရီ ၂၅

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၉)နာရီက ‌‌ မိုးမခအုတ်ကျင်း၊ ကွမ်းသီးချောင်း လေးနှင့်ဘိုးဘေးအညာစု ကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦး‌ကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက       မိုးမခ အုတ်ကျင်း၊ ကွမ်းသီးချောင်းလေး၊ ဘိုးဘေးအညာစုကျေးရွာရှိ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ် အသက် (၁)နှစ်ပြည့် (၁၀)ဦး၊ အသက် (၁) နှစ်ပြည့် (၃၈)ဦး၊ လဲလှယ် (၂၄)ဦး၊ မိတ္တူ(၂)ဦး၊ စုစုပါင်း(၇၄)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)