လသာ ဖေဖော်ဝါရီ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အမှတ်(၂) အခြေခံ ပညာ အထက်တန်းကျောင်း မြညီလာခန်းမအတွင်း၌ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်း၍ သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ်(၆)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစီအစဉ် ကြေညာသူအဖြစ် ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးအောင်ပြည့်စုံက အခမ်းအနား အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်၊ လယ်ဝေး) က သတင်းမှား သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး ဟောပြောဆွေးနွေးခြင်း၊ ဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) က သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေးအတွက် ထပ်ဆင့်ဆွေနွေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မို့မို့သူ