သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask ဖြန့်ဝေခြင်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများကို ယနေ့နံနက်ပိုင်း ၇နာရီအချိန်က ဝက်ဝံယာယီပျံကျဈေးနှင့် မြို့မဈေး၊ လမ်းမတော်လမ်းနှင့် မိုင်းပွန်လမ်းဆုံ မီးပွိုင့်အနီးတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။