ငဖဲမြို့နယ် ပင်ဦးကျေးရွာ(အ.လ.က)မှ ကျောင်းသားကျောင်းသူ(၄၆)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာ၊ စာသင်ကျောင်းများအရောက် အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ပင်ဦးကျေးရွာအုပ်စု ပင်ဦးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ (၄၆)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။